Tech for All
မြန်မာပြည်တွင်းမှာအင်တာနက်ဆိုင်မှာသုံးရတဲ့သူတွေတနေ့ တခြားအန္တရယ်တွေများလာတာမို့ လို့ 
ဒီအခြေအနေတွေကို အနည်းဆုံးအနိမ့်အနေနဲ့ ကာကွယ်နိုင်အောင် လူတိုင်းလည်းအလွယ်တကူလုပ်နိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးလိုပါတယ်။
အင်တာနက်  ကြည့်လို့ ရတဲ့ ဘရောက်ဇာ တွေထဲမှာ ဖိုင်းယားဖောက်စ် က လောလောဆယ်ဆယ်
သုံးလို့ အဆင်အပြေဆုံးပါ။ အခုဖတ်နေရတဲ့ စာလုံးတွေ အရမ်းသေးနေမယ်ဆိုရင် Ctrl နဲ့  + key ကိုနှိပ်ပြီး
ဖိုင်းယားဖောက်စ် ဟာ ကွန်ပြူတာပေါ်မှာ  ဒီလိုမျိုး  အိုင်ကွန်လေးနဲ့ ရှိပါလိမ့်မယ်။ စက်မှာထိုင်လိုက်ပြီး ဖိုင်းယားဖောက်စ် ကိုဖွင့်လိုက်တာ
နဲ့ အရင်ဆုံးလုပ်သင့်တာက Tools အောက် Clear Private Data မှာ အဲဒီမှာရှိ
တဲ့ အကွက်တွေအားလုံးကို ခြစ်ထားသင့်ပါတယ်။
ဒါမှ ဖိုင်းယားဖောက်စ် ကိုပိတ်လိုက်ပြီးပြန် ဖွင့်လိုက်တဲ့ အခါတိုင်း ကိုယ့်ကြည့်ခဲ့ ရိုက်ခဲ့
တဲ့ မှတ်တမ်းတွေ ဘာမှမကျန်မှာပါ။
အဲဒီလိုမသွားချင်ဘူးဆိုရင်လည်း Ctrl+Shift+Delete ဆိုတဲ့ ခလုတ်သုံးခုကို ပြိုင်နှိပ်လိုက်ရင်
အဲဒီ Clear Private Date ဆိုတဲ့ ဘောက်စ်လေး ကျလာပါလိမ့်မယ်
တချို့ ဆိုင်တွေမှာတော့ အဲဒီ Setting ကို လုပ်ထားပြီးသားဖြစ်နိုင်ပေမယ့် ကျိန်းသေအောင် ကိုယ်တိုင်ဖွင့်ကြည့်သင့်ပါတယ်။
အဲဒီလိုလုပ်ပြီးပြီ ဆိုရင် နောက်တဆင့် က ကိုယ်ထိုင်တဲ့ စက်မှာ Reset ဆို
တဲ့ ခလုတ် ဘယ်နားမှာရှိလည်းဆိုတာ ရောက်ရောက်ချင်း ကြည့်ထားပါ။ များသောအားဖြင့် Power ခလုတ်နားမှာရှိပါတယ်။အရေးအကြောင်းတစုံတရာဆိုရင် အဲဒီခလုတ်ကို ဒူးနဲ့ ဖြစ်ဖြစ်ခြေထောက်
နဲ့ ပဲဖြစ်ဖြစ်  အလွယ်တကူလှမ်းနှိပ်လို့  ရအောင် ပြင်ထားပါ။
ဘာကြောင့် Reset ခလုတ်ကိုနှိပ်ရလဲဆိုတော့ တချို့ ကွန်ပြူတာတွေမှာ Power ခလုတ်က ချက်ချင်း မပိတ်ပါဘူး။ ခဏလောက်ဖိထားရပါတယ်။ Reset ခလုတ်ကတော့ တချက်ဖိလိုက်ရုံ
နဲ့ ပဲပိတ်သွားပြီး ချက်ချင်းပြန်တက် လာတာမို့ 
လို့ မီးပြတ်သွားသလို ၊မှားတိုက်မိသလို ၊စက်ပျက်သလို၊ကြောင်သလို ပြောလို့ ရပါတယ်။
ဒါဆိုရင်ကွန်ပြူတာပြန်တက်လာတာနဲ့ အင်တာနက်နဲ့ ပက်သက်တာအားလုံးရှင်းပြီးသားဖြစ်သွားပါပြီ။
တချို့ ကွန်ပြူတာတွေမှာ Reset ခလုတ်မပါတတ်ပါဘူး။
Memory Stick တို့ ကဒ်တို့  အမ်ပီသရီးတို့ ထဲက အချက်တွေကို ကူးထည့်ချင်တယ်ဆိုရင်လည်း အဲဒါတွေကို
အရေးကြီးရင်ကြီးသလို ထားတတ်ဖို့ လိုပါတယ်။
အရေးကြီးတဲ့ဟာတွေကို သာမန်သိမ်းနေကျ Desktop တို့ My document တို့ အောက်မှာလောက်မသိမ်းပဲ
C:\Program Files\Adobe စသဖြင့် သိမ်းနေကျမဟုတ်တဲ့ ကို စိတ်ကူးပေါက်သလို့ ရှုပ်ထွေးတဲ့ နေရာတွေမှာ သွားထားသင့်ပါတယ်။ ဖျက်ဖို့ မေ့ ကျန်ခဲ့သည်တိုင် ကြည့်နေကျနေရာတွေမဟုတ်လို့ ချက်ချင်း
တွေ့ ဖို့ မလွယ်ပါဘူး။အဲဒီ အချက်အလက်တွေကိုလည်း ဆိုင် ကထွက်ခါနီးတိုင်း မမြဲမမေ့မလျှော့ ဖျက် တတ်တဲ့ အကျင့်မွေးနိုင်ရင်အကောင်းဆုံးပါ။ Delete လုပ်ပြီးတိုင်း Recycle Bin ကိုလည်း ရှင်းသင့်ပါတယ်။
Recycle Bin ကိုမရှင်းချင်ရင် တခါတည်း Shift+Delete တွဲနှိပ်ပြီး ဖျက်လို့ ရပါတယ်။ ဒါပေမယ့် Recycle Bin ထဲမှာ ရှိနေသေးရင် ကိစ္စရှိရင်ပြန်ခေါ်လို့ ရပါတယ်။လုံးဝရှင်း လိုက်ရင်တော့ပြန်ခေါ်ဖို့ လွယ်မှာမဟုတ်တော့ပါဘူး။နောက်ပြီး အမ်ပီသရီးတို့ ၊မမ်မိုရီစတစ် တို့ ကိုလည်း အချက်အလက်ကူးပြီးတာနဲ့ ချက်ချင်းပြန်ဖြုတ်သိမ်းထားတာကောင်းပါတယ်။ နို့ မို့ အရေးအကြောင်းရှိရင် မေ့ ကျန်တတ်ပါတယ်။စက်မှာ တပ်လျှက်နဲ့ တွေ့ ရင်လည်း ပိုအန္တရယ်များနိုင်ပါတယ်။
အင်တာနက်ဆိုင်ထဲရောက်လို့ ထိုင်တော့မယ်ဆိုရင်လည်း ၀င်လို့ ထွက်လို့ လွယ်မယ့်နေရာ ဒါမှမဟုတ် ၀င်ပေါက် ကို စီးမြင်ရမယ့်နေရာမျိုးမှာ ထိုင်သင့်ပါတယ်။ ဒါမှ ကိုယ်က တခုခုဖြစ်ရင်လှုပ်ရှားချိန်ရမှာပါ။
ဆိုင်ကလူတွေ အမြဲ ကြည့်ခံရနေတတ်တဲ့ အနေအထားမျိုးမှာလည်း ကာကွယ်ထားနိုင်လို့ ရတဲ့ နည်းတွေရှိပါတယ်။ Desktop ပေါ်မှာ ကိုယ်ကြည့်ချင်တဲ့ ဝဘ်ဆိုက်အပြင် အခြား ၀ဘ်ဆိုက်တွေကိုလည်း ရှုပ်ထွေးစွာ ပြိုင်တူ ဖွင့်ထားသင့်ပါတယ်။ အနားကိုလူလာတဲ့အချိန်မှာ သိပ်အရေးမကြီးတဲ့ ၀ဘ်ဆိုက်တခုကို ကြည့်နေခြင်းအားဖြင့် အာရုံစိုက်ခံရမှုကိုရှောင်နိုင်ပါလိမ့်မယ်။အဲဒီလိုဝဘ်ဆိုက်တခုကနေတခုပြောင်းတဲ့ အချိန်မှာလည်း လက်ကနေ မောက်စ်ကို ကိုင်ပြီးကလစ်နှိပ်ပြောင်းနေစရာမလိုဘဲ keyboard shortcut တွေကိုသုံးပြီး လျှင်မြန်စွာ
သုံးလို့ ရပါတယ် ။Alt Key နဲ့ Tab Key တို့ ကို ပြိုင်နှိပ်ချင်းအားဖြင့် ၀င်းဒိုး တခုနဲ့ တခုကြားမှာ လျှင်မြန်စွာပြောင်းနိုင်တာကို
တွေ့ ပါလိမ့်မယ်။ လက်ဝဲဘက်လက် လက်မက Alt Key ကိုဖိကိုင်ထားပြီး လက်ညှိုး က Tab Key ကို တချက်စီနှိပ်ကြည့်ရင် တွေ့ ပါလိမ့်မယ်။
ဖိုင်းယားဖောက်စ် မှာဆိုရင်လည်း မိန်းဝင်းဒိုး ကြီးအောက်မှာ Tab လို့ ခေါ်တဲ့ ဝင်းဒိုးအငယ်လေးတွေကိုအများကြီး
ဖွင့်လို့   ရတာတွေ့ ပါလိမ့်မယ်။ အဲဒီမှာ Tab တခုနဲ့ တခုကြားကိုလည်း Ctrl နဲ့ Tab တို့ ကို
အပေါ်ကပြောခဲ့သလိုပဲ ကိုင်ပြီး အမြန်ဆုံးပြောင်းကြည့်နိုင်ပါတယ်။
အခုပြောခဲ့တဲ့ အချက်တွေဟာ ကွန်ပြူတာအခြေခံရှိသူတိုင်း လုပ်နိုင်လုပ်တတ်တဲ့ အရာတွေပါ။
သတိမမူလို့ သာ မေ့ချင် မေ့ နေမှာပါ။
အဆင့်မြင့် encrypt တို့ ဝှက်စာ ပို့ တာတို့ တွေ လို ဆော့ဝဲတွေ သုံးနေဖို့ မလိုဘဲ ကိုယ်ရှိတဲ့ ဟာတွေကိုပဲ အခြေခံပြီး
privacy ကို အကောင်းဆုံးကာကွယ်နိုင်အောင်ပြောပြတာပါ။ နည်းပညာလောကမှာ ရာနှုန်းပြည့် ကာကွယ်နိုင်မှာ မဟုတ်ပေမယ့်အနည်းဆုံးတော့ နှောင့်နှေးသွားအောင် လုပ်နိုင်ပါတယ်။
နောက်ဆုံးတခုကတော့ အင်တာနက်ဆိုင်ရွေးတဲ့ နေရာမှာလည်း ကိုယ့်လုံခြုံရေး၊ကိုယ့် လုပ်မယ့်အလုပ်ရဲ့ အရေးကြီးပုံ တို့ ပေါ်မူတည်ပြီး ဆိုင်ရွေးထိုင်သင့်ပါတယ်။ လူအများစည်ကားပြီး ကော်နက်ရှင်ရော စက်ပါကောင်းတဲ့ ဆိုင်မှာထိုင်မှာလား၊ ကော်နက်ရှင်သိပ်အဆိုးကြီးမဟုတ်လှပေမယ့် လူပါးပြီး ချောင်ကျကျဆိုင်မှာထိုင်မှာလားဆိုတာတော့ ကိုယ့်ဘာသာဆုံးဖြတ်နိုင်ပါတယ်။
One Response
  1. ကျေးဇူးတင်ပါတယ်ဗျာ။
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: